နှာစေးနှာပိတ်တာကို သက်သာစေမယ့် သောက်စရာ ( ၅) မျိုး
နှာစေးလို့ နှပ်ချေး တရှုံ့ရှုံနဲ့ နေရတာက အတော်လေး နေရထိုင်ရခက်သလို နှာခေါင်းပိတ်တာကလည်း အအိပ်ပျက် အစားပျက်စေတာ အမှန်ပါ။ ဒါကြောင့် နှာစေး နှာပိတ် ဖြစ်ပြီဆိုရင် လူတိုင်းက မြန်မြန် သက်သာအောင် ဘာလုပ်ရမလဲ ဆိုတာကိုပဲ အရမ်း သိချင် လုပ်ချင်ကြတယ်နော်။ ဒါကြောင့် လွယ်ကူရိုးရှင်းတဲ့ နည်းနဲ့ နှာစေး နှာပိတ်တာကီု သက်သာစေဖို့ သောက်စရာလေးတွေ သောက်ရင်း ဖြေရှင်းလို့ ရအောင် ဖော်ပြပေးလိုက်ရပါတယ်။
နှာစေးနှာပိတ်တာကို သက်သာစေမယ့် သောက်စရာ (၅) မျိုး
နှာစေးနှာပိတ်တာကို သက်သာစေဖို့ သောက်ရမယ့် သောက်စရာလေးတွေက -
- ဂျင်း ရေနွေးကြမ်း - ရေနွေးက နှာစေး နှာပိတ်တာကို သက်သာစေသလို ဂျင်းက ရောဂါပိုးတွေကို တိုက်ထုတ်ပေးပြီး ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် နှာစေးနှာပိတ်ပြီဆိုရင် ဂျင်းကို ပါးပါးလွှာပြီး ဖြစ်ဖြစ် မညက်တညက်ထောင်းပြီး ဖြစ်ဖြစ် ရေနွေးဆူဆူနဲ့ စိမ်ပြီး ခပ်နွေးနွေး အခြေအနေမှာ သောက်ပေးပါ။
- ပျားသံပုရာရည် - ပျားသံပုရာရည်က ကိုယ်ခံအားကောင်းစေပြီး အဖျားပျောက်စေသလို နှာစေးနှာပိတ်တာ၊ လည်ချောင်းနာတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒီတော့ နှာစေးနှာပိတ်ပြီဆိုရင် ပျားရည်ရာ် သံပုရာရည်ရယ်ကို ရောပြီး ရေနွေးနွေးလေးနဲ့ ဖျော်လို့ ခပ်နွေးနွေး အခြေအနေမှာ သောက်ပေးပါ။
- နွားနို့ပူပူလေး - နွားနို့ ပူပူနွေးနွေးက အိပ်ပျော်စေသလို အဖျားအနာ သက်သာစေပြီး စိတ်ရောကိုယ်ပါ လန်းဆန်းစေတာထက် ပိုပါတယ်။ ဒါကတော့ နွားနို့ပူပူလေးထဲကို နနွင်း နည်းနည်းလေး ထည့်ပြီး သောက်ပေးတာက နှာစေးနှာပိတ်တာကို သက်သာစေပြီး နှာစေးတာကြောင့် ဆိုင်းနပ်စ်ရောင်တာကိုလည်း အရောင်ကျစေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။
- လက်ဖက်စိမ်း ရေနွေးကြမ်း - လက်ဖက်စိမ်းရေနွေးကြမ်း ပူပူနွေးနွေးက ရောဂါပိုးတွေကို တိုက်ထုတ်နိုင်ပြီး အသက်ရှူလမ်းကြောင်းကို သက်သာစေနိုင်တာကြောင့် နှာစေးနှာပိတ်တာကို သက်သာစေမှာပါ။ ဒါကြောင့် နှာစေးနှာပိတ် ဖြစ်ပြီဆိုရင် လက်ဖက်စိမ်းရေနွေးကြမ်း နွေးနွေလေးထဲကို သံပုရာရည်လေး ညှစ်ပြီး သောက်ပေးပါ။
- စွပ်ပြုတ် ပူပူနွေးနွေး - ကြက်စွပ်ပြုတ်၊ အရိုးစွပ်ပြုတ်နဲ့ အမျိုးမျိုးသော စွပ်ပြုတ်ထဲကို ငရုတ်ကောင်းလေး ထည့်ပြီး ပူပူနွေးနွေး သောက်ပေးတာက ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းမှုတွေကို သက်သာစေသလို နှာခေါင်းပိတ်တာကိုလည်း သက်သာစေမှာပါ။
ဒီတော့ နှာစေးပြီဆိုရင် နှာစေးတာ နှာခေါင်းပိတ်တာကို သက်သာစေဖို့ အခုပြောပြတာလေးတွေကို သောက်သုံးလို့ ရသလို ဆေးသောက်တာ နွေးနွေးထွေးထွေးနေတာ ရေနွေးငွေ့ရှူတာလေးတွေကိုလည်း လုပ်ပေးလို့ ရပါတယ်။
မွန်မွန်